နေပြည်တော် ဖေဖော်ဝါရီ ၁၈
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၆/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ- ၁ ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။
ပြောကြား
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ဥပဒေဆိုင်ရာ အခြေခံသဘောတရားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီး၌ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ကျေပွန်စွာထမ်းဆောင်နိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေကို နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိနားလည်လိုက်နာမှသာ မိမိတို့လုပ်ကိုင်ဆောင်ရွက်မှုများသည် ဥပဒေနှင့်အညီအကျိုးရှိသည့် မှန်ကန်ထိရောက်သော လုပ်ရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး သင်တန်းကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇ ရက်အထိ သင်တန်းသား သင်တန်းသူ ၅၃ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်