Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးတို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးအနီး ထိန်းသိမ်းဧရိယာ၌ ငလျင်ဒဏ်သင့်ဝန်ထမ်း အိမ်ထောင်သည် ၁၀၈ ဦးနှင့် ယင်းတို့၏ မိသားစုဝင် ၁၅၂ ဦး၊ လူပျို/အပျို ၇၂ ဦး စုစုပေါင်းဝန်ထမ်း ၁၈၀ တို့ ယာယီနေထိုင်ရန် ယာယီဘာရှာ အဆောက်အအုံများ ဆောက်လုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အမြန်ပြီးစီးအောင်တည်ဆောက်

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက ဆောင်ရွက်မည့်အစီအစဉ်နှင့် မြေနေရာရှင်းလင်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကရေ၊ မီးအဆင်ပြေစေရေး၊ မိုးကာလသွားလာရန် လမ်းများကောင်းမွန်အောင် ဆောင်ရွက်ရေး၊ သန့်စင်ခန်းများစနစ်တကျဖြစ်ရေး၊ မီးတားလမ်းဆောင်ရွက်ရေးနှင့် ရေစီးမြောင်းများဆောင်ရွက်ရေး၊ လုံခြုံရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုမှာကြားပြီး အဆောက်အအုံ ဆောက်လုပ်မည့်မြေနေရာ ဆောင်ရွက်နေမှုကို ကြည့်ရှုကာ တာဝန်ရှိသူများအား အမြန်ပြီးစီးအောင် တည်ဆောက်ကြရန်မှာကြား သည်။

ဆက်လက်၍ ယာယီမိုးကာတဲဖြင့် နေရာချထားသော မိသားစုများနေထိုင်မှုကို လိုက်လံကြည့်ရှု၍ မိသားစုများကို အားပေးစကားပြောကြားပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်