Skip to main content

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ ဩဝါဒခံယူပွဲပြုလုပ်

ကျောက်ဆည်     နိုဝင်ဘာ    ၂၂

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များသည် ယနေ့ နံနက်(၈)နာရီက ဖောင်ရွာရပ်ကွက်ရှိ နေလသုခဗိမ္မာန်တော်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ ဘဒ္ဒန္တဓမ္မပါလာဘိဝံသ ဆရာတော်ကြီး အမှူးပြုသော နိုင်ငံတော် ဗဟိုဝန်ဆောင်၊ သံဃာဝန်ဆောင် ဆရာတော်ကြီးများ၊ တိုင်းသံဃာဝန်ဆောင် ဆရာတော်ကြီးများ၊ မြို့နယ် သံဃာ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများ၊ စုစုပေါင်း ပင့်သံဃာ(၄၃)ပါး ပင့်ဖိတ်ပြီး ဩဝါဒခံယူပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး မြို့နယ်သံဃနာယ က အဖွဲ့ဥက္ကဋ္ဌ၊ ကုန်းမြင့်သာ ဆရာတော် ဘဒ္ဒန္တစက္ကန္ဒာဘိဓဇ အရှင်သူမြတ် ထံမှ ငါးပါးသီလ ခံယူဆောက် တည်ပြီး ဆရာတော်ကြီးများ ရွတ်ပွားတော်မူကြသည့် အန္တရာယ်ကင်း ပရိတ်တော်များကို နာယူကြည် ညိုကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က သာသနာရေး ဆိုင်ရာများ လျှောက်ထား ပြီး နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဓမ္မပါလဘိဝံသ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဇနိတာဘိဝံသအဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဘဒ္ဒန္တဝါယမ (သဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ် သုံးပါးတို့မှ ဩဝါဒကထာများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ဆရာတော်ကြီးများအား သင်္ကန်းနှင့်လှူဘွယ် ဝတ္ထုပစ္စည်းများကို ဆပ်ကပ်လှူဒါန်း ခဲ့ကြရာ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ ကုန်းမြင့်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စက္ကိန္ဒာဘိဓဇ အရှင်သူမြတ် ကြီးက လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချတရား ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)