Skip to main content

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီက ကြီးမှူး ကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ( ၁ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကိုယနေ့နံနက် ၈ နာရီတွင် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီရုံး မျက်နှာစာရှေ့ ကျုံးတောင်ဘက်ခြမ်း၌ လည်းကောင်း၊ ညနေ ၅ နာရီတွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် လည်းကောင်း ကျင်းပသည်။ ။

ဗဟိုအကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား (၁၅၆၇)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်

နှစ်သစ်ကူးအခါသမယ မြန့်မာ့နှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန်ဖြင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဗဟိုအကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား၊ အကျဉ်းသူ (၁၅၆၇)ဦး လွတ်မြောက်ခဲ့ကြသည်။

အလှူရှင်များက ဆောက်လုပ်လှူဒါန်းသည့် ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် လွှဲပြောင်းပေးအပ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီ လီမိတက်လက်အောက်ရှိ ဝိတိုရိယ ဆေးရုံ၊ A Bank နှင့် ပုသိမ်စက်မှုမြို့ တော် စီမံကိန်းတို့မှ ဆောက်လုပ် လှူဒါန်းသည့် ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂နာရီက အထွေထွေ ရောဂါကုဆေးရုံကြီး (မန္တလေး) တွင် ပြုလုပ်ခဲ့သည်။

နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၇၃၄၈ ဧကအတွက် ဆည်တော်ကြီးရေလှောင်တမံမှ ရေပြည့်ဝစွာပေးဝေသွားမည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံမှ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးမည့် နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၇၃၄၈ ဧကအတွက် ရေပြည့်ဝစွာ သိုလှောင်ထားပြီးဖြစ်၍ တောင်သူများအတွက် ဖေဖော်ဝါရီလ ပထမပတ်မှစပြီး စိုက်ပျိုးရေပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် COVID-19 Mobile Swab Collection မော်တော်ယာဉ်ရှစ်စီး လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက COVID-19 Mobile Swab Collection Vehicle ရှစ်စီးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် မန္တလေးမြို့မှ စေတနာ့ဝန်ထမ်းဆရာဝန်များနှင့် သူနာပြုများ ရန်ကုန်မြို့သို့ထွက်ခွာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား ပူးပေါင်းပါဝင်ကူညီနိုင်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း(Myanmar Private Hospitials Association) ကိုယ်စားပြု၍ ရန်ကုန်မြို့ရှိကိုဗစ်-၁၉ ရောဂါကုသရေးဌာန များတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် အထက်မြန်မာပြည်ဆေးရုံကြီး(၇)ခုမှ ဆရာဝန်/သူနာပြု(၄၉)ဦးတို့ ယနေ့နံနက်ပိုင်းက မန္တလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွား ကြောင်း သိရသည်။
Subscribe to မန္တလေး