Skip to main content

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီက ကြီးမှူး ကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ( ၁ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲကိုယနေ့နံနက် ၈ နာရီတွင် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီရုံး မျက်နှာစာရှေ့ ကျုံးတောင်ဘက်ခြမ်း၌ လည်းကောင်း၊ ညနေ ၅ နာရီတွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် လည်းကောင်း ကျင်းပသည်။ ။

ဗဟိုအကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား (၁၅၆၇)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်

နှစ်သစ်ကူးအခါသမယ မြန့်မာ့နှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန်ဖြင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဗဟိုအကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား၊ အကျဉ်းသူ (၁၅၆၇)ဦး လွတ်မြောက်ခဲ့ကြသည်။

အလှူရှင်များက ဆောက်လုပ်လှူဒါန်းသည့် ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် လွှဲပြောင်းပေးအပ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီ လီမိတက်လက်အောက်ရှိ ဝိတိုရိယ ဆေးရုံ၊ A Bank နှင့် ပုသိမ်စက်မှုမြို့ တော် စီမံကိန်းတို့မှ ဆောက်လုပ် လှူဒါန်းသည့် ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂နာရီက အထွေထွေ ရောဂါကုဆေးရုံကြီး (မန္တလေး) တွင် ပြုလုပ်ခဲ့သည်။

နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၇၃၄၈ ဧကအတွက် ဆည်တော်ကြီးရေလှောင်တမံမှ ရေပြည့်ဝစွာပေးဝေသွားမည်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်တော်ကြီးရေလှောင်တမံမှ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးမည့် နွေစပါးနှင့် နွေနှမ်းစိုက်ဧက ၆၇၃၄၈ ဧကအတွက် ရေပြည့်ဝစွာ သိုလှောင်ထားပြီးဖြစ်၍ တောင်သူများအတွက် ဖေဖော်ဝါရီလ ပထမပတ်မှစပြီး စိုက်ပျိုးရေပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ပစ္စည်းလေးပါးဆက်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါလျှက် ယမန်နေ့ နံနက်(၉)နာရီ(၃၀) မိနစ်က ကျောက်ပန်းတောင်းမြို့နယ်သို့ရောက်ရှိပြီး၊ မြို့နယ် သာသနာ့ဗိမာန်တွင် ညောင်ဦးခရိုင်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညို၍ ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူကာ လှူဘွယ်ဝထ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ ဩဝါဒခံယူပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ကြီးများ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များသည် ယနေ့ နံနက်(၈)နာရီက ဖောင်ရွာရပ်ကွက်ရှိ နေလသုခဗိမ္မာန်တော်တွင် နိုင်ငံတော်ဩဝါဒါစရိယ၊ ဘဒ္ဒန္တဓမ္မပါလာဘိဝံသ ဆရာတော်ကြီး အမှူးပြုသော နိုင်ငံတော် ဗဟိုဝန်ဆောင်၊ သံဃာဝန်ဆောင်ဆရာတော်ကြီးများ၊ တိုင်းသံဃာဝန်ဆောင် ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ နာယကအဖွဲ့ ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများ၊ စုစုပေါင်း ပင့်သံဃာ(၄၃)ပါး ပင့်ဖိတ်ပြီး ဩဝါဒခံယူပွဲ ပြုလုပ် ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဇနီး ဒေါက်တာယုယုမေတို့ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး ဒေါက်တာယုယုမေတို့သည် ယနေ့ နံနက်ပိုင်းက အမရပူရမြို့နယ် အိုးတော်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးကြခဲ့သည်။

မန္တလေးမြို့၌ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန တည်ဆောက်ရေးလုပ်ငန်း တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

အထက်မြန်မာပြည်တစ်ခုလုံးအတွက် အကျိုးပြုနိုင်စွမ်း ရှိသည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း အသစ်ဖြစ်သော ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(Public Health Laboratory- Mandalay)ကို မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်ရှိ အဆိုပါဌာနဝင်းအတွင်း တည်ဆောက် လျက်ရှိရာ လုပ်ငန်းပြီးစီးမှု အခြေနေများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၁၆ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် COVID-19 Mobile Swab Collection မော်တော်ယာဉ်ရှစ်စီး လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက COVID-19 Mobile Swab Collection Vehicle ရှစ်စီးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် မန္တလေးမြို့မှ စေတနာ့ဝန်ထမ်းဆရာဝန်များနှင့် သူနာပြုများ ရန်ကုန်မြို့သို့ထွက်ခွာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအား ပူးပေါင်းပါဝင်ကူညီနိုင်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း(Myanmar Private Hospitials Association) ကိုယ်စားပြု၍ ရန်ကုန်မြို့ရှိကိုဗစ်-၁၉ ရောဂါကုသရေးဌာန များတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် အထက်မြန်မာပြည်ဆေးရုံကြီး(၇)ခုမှ ဆရာဝန်/သူနာပြု(၄၉)ဦးတို့ ယနေ့နံနက်ပိုင်းက မန္တလေးမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွား ကြောင်း သိရသည်။
Subscribe to မန္တလေး