နေပြည်တော် မေ ၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနရုံး ရှင်းလင်းဆောင်၌ တွေ့ဆုံသည်။
ထို့နောက် မြို့မပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသည့် လူထုဖြန့်ပျိုးပင်များ၊ အထူးပျိုးပင်များကို ကြည့်ရှုသည်။
ယင်းနောက် ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်းရှိ အမှတ်စဉ် (၁၉၉) နှင့် အမှတ်စဉ် (၁၂၀) ရှိ သင်တန်းသားများကို သွားရောက်တွေ့ဆုံ၍ သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာသင်ယူကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
