Skip to main content

ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဘက်စုံအဆင့်မြှင့်တင်ရေး ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၁၆

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဘက်စုံအဆင့်မြှင့်တင်ရေး လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် နိုင်ငံတော်အတွက် ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာစေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သရုပ်ဖော်ရာတွင် အဓိကကျသော ပုံရိပ်တစ်ခုဖြစ်သည့်အတွက် အဆင့်မြှင့်တင်နိုင်ရေး လိုအပ်သည်များကို တင်ပြဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းရင်းသားကျေးရွာ (ရန်ကုန်) နှင့် သန်လျင်မြို့ရှိ ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်