Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကာတာနိုင်ငံ လက်ရှိဘုရင်၏ ဖခမည်းတော်နှင့် ဘုရင်ဟောင်းဖြစ်သူ His Highness Sheikh Hamad bin Khalifa AI Thani ကွယ်လွန်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

ရန်ကုန် ဇူလိုင် ၁၄

ကာတာနိုင်ငံ လက်ရှိဘုရင်၏ ဖခမည်းတော်နှင့် ဘုရင်ဟောင်းဖြစ်သူ His Highness Sheikh Hamad bin Khalifa AI Thani သည် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းက အင်းလျားမြိုင်လမ်း ရွှေတောင်ကြား (၁) ရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် တက်ရောက်လက်မှတ်ရေးထိုးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကာတာနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်၍ ကာတာနိုင်ငံ လက်ရှိဘုရင်၏ ဖခမည်းတော်နှင့် ဘုရင်ဟောင်းဖြစ်သူ His Highness Sheikh Hamad bin Khalifa AI Thani ကွယ်လွန်သွားခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ကာတာနိုင်ငံ လက်ရှိဘုရင်၏ ဖခမည်းတော်နှင့် ဘုရင်ဟောင်းဖြစ်သူ His Highness Sheikh Hamad bin Khalifa AI Thani သည် ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကာတာနိုင်ငံ၏ဘုရင်အဖြစ် ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်ရှိပြီဖြစ်ကြောင်း သိရှိရသည်။   

သတင်းစဉ်