နေပြည်တော် ဇူလိုင် ၂၆
Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းပါဝင်သည့် အုပ်စု (B) ပွဲစဉ်များအနက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ကို ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံ ကာပက်စ်မြို့ရှိ နယူးခလက်ခ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်ကို ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှ စတင်၍ MRTV HD Channel နှင့် MRTV Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည် ဖြစ်သည်။
သတင်းစဉ်
