နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား (၁၈) ကြိမ်မြောက် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စေတီတော်ရင်ပြင်တော်ပေါ်ရှိ စေတီတော်လိုဏ်အတွင်း ကျင်းပသည်။
ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲတွင် အရှေ့အရပ်ရှိ မဟာမဏိမယ ဂေါတမဗုဒ္ဓပဋိတဗုဒ္ဓ ရုပ်ပွားတော်ကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ကလည်းကောင်း၊ တောင်အရပ်ရှိ ကကုသန္ဓဗုဒ္ဓရုပ်ပွားတော်ကို နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းကလည်းကောင်း၊ အနောက်အရပ်ရှိ ကောဏာဂမန ဗုဒ္ဓရုပ်ပွားတော်ကို ဒုတိယဝန်ကြီး ဦးလင်းအောင်ကလည်းကောင်း၊ မြောက်အရပ်ရှိ ကဿပဗုဒ္ဓရုပ်ပွားတော်ကို အမြဲတမ်းအတွင်းဝန်ကလည်းကောင်း ရွှေကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိသတ်များနှင့်အတူ ဗုဒ္ဓရုပ်ပွားတော်လေးဆူအား ဆွမ်း၊ သစ်သီး၊ ပန်းနှင့် ရေချမ်းတို့ ကပ်လှူပူဇော်ကြကြောင်း သိရသည်။
သတင်းစဉ်
