နှစ်သစ်မှာ ကြွေးသစ်မတင်စေချင်၊ နှစ်ဟောင်းက ကြွေးဟောင်းသာဆပ်စေချင်
အကျပ်အတည်းတွေ၊ ဒုက္ခတွေ၊ အနိဋ္ဌာရုံတွေ၊ ဖိစီးမှုတွေ၊ သံသယတွေ၊ မလုံခြုံမှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေ၊ သောကတွေနဲ့ ကမ္ဘာကြီးက မငြိမ်းချမ်း။ မငြိမ်းချမ်းမှုရဲ့ မူလအစက ရောဂါကပ်၊ နေရာအနှံ့မှာဖြစ်နေတဲ့ ကန့်သတ်စစ်။ ရောဂါနဲ့စစ်ပွဲနဲ့ပေါင်းမိတော့ စီးပွားပျက်။ စီးပွားကပ်ရဲ့အကျိုးဆက်က ဆင်းရဲမှုနဲ့အငတ်ဘေး။ အလှုပ်အယမ်းကြမ်းလွန်းတဲ့ ဗဟိဒ္ဓကမ္ဘာကြီးက အနေအထားအရ ငြိမ်းချမ်းဖို့လမ်းစ တော်တော်နဲ့မမြင်၊ မိမိအဇ္ဈတ္တအတွင်းသဏ္ဌာန်မှာ ငြိမ်းချမ်းဖို့သာအဓိကဖြစ်လာတဲ့အခါ မိမိစိတ်လေးငြိမ်းချမ်းမှုရဲ့ လမ်းစကိုသာ ရှာနေမိတော့တယ်။ တစ်ကျော့ပြန်ကိုဗစ်နဲ့ မုန်တိုင်းနှင်းထူကြားမှာ နောက်ထပ် မမြင်ချင်၊ မကြားချင်လောက်တဲ့ အနိဋ္ဌာရုံတွေကို စိတ်မချမ်းမသာဖြစ်နေသူတွေ၊ အလွန်အကျွံတွေးနေမိသူတွေ၊ စိတ်ဓာတ်ကျနေသူတွေအတွက်....
