ပိုမိုအဆင့်မြင့်သော၊ ပိုမိုလုံခြုံစိတ်ချရသော ငွေစက္ကူတွေကိုင်တွယ်သုံးစွဲနိုင်ဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အလေးထားဆောင်ရွက်ပေးနေ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူငါးရာကျပ်တန် ပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်က ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်ရုပ်ပုံပါငွေစက္ကူ တစ်ထောင်တန် ပုံစံသစ်ကိုလည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်က ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထိုသို့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူထုတ်ဝေ သုံးစွဲမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။