ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်‌ Coronavirus Disease 2019 (COVID-19) ရောဂါကို လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ ထားရှိ လှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပဒေသာဈေးကြီးအနီး အ.ထ.က(၅) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှု လာရောက်စောင့်ဆိုင်းသူမိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို၊ ယနေ့ နံနက်(၁၁)နာရီက အမှတ်(၁)အ.ထ.ကအနီး၊  မြန်မာ့ဆက်သွယ်ရေး(MPT) ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်း ရေလယ်စေတီတော်၌ ဘုရားဖူးလာသည့်ဧည့်သည်များအား (COVID-19)ရောဂါကြိုတင်ကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း မှ စတင်ဆောင်ရွက်ခဲ့သည်။
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကင်းစမ်းကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 18,2020
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ မြန်မာနိုင်ငံဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး နယ်စပ် အဝင်/အထွက်ဂိတ်ရှိသည့် မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့များတွင် တာဝန်ရှိအဖွဲ့အစည်းများ တားဆီး ကာကွယ်ရေး လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား ကျောင်းသူများနှင့် လာရောက်စောင့်ဆိုင်းသူ မိဘပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့၊ နံနက်(၁၁)နာရီက အမှတ်(၁) အ.ထ.ကအနီး၊ မြန်မာ့ဆက်သွယ်ရေး(MPT) ရုံးရှေ့တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ကားမှတ်တိုင်များ စသည့် လူစည်ကားရာနေရာများတွင် ပြည်သူများထံသို့ ကိုရိုနာဗိုင်းရပ်စ်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီ အချိန်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ယနေ့ နံနက် (၉)နာရီခွဲအချိန်က ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကို ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။