ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 18,2020
 စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် အ.ထ.က ဝန်းသို စာစစ်ဌာနနှင့် အ.ထ.က ဂျိုးတောင်စာစစ်ဌာနတို့တွင် ၂၀၂၀ ပြည့်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း  (၁၁၃၀)ဦး ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
Mar 18,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်အဖြစ် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနှင့် မတ်လအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ယောမင်းကြီးရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ၂နာရီက သက်ကြီးဘိုးဘွား တစ်ဦးချင်းအလိုက် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်ကြောင်း သိရသည်။
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် အ.ထ.က ဝန်းသို စာစစ်ဌာနနှင့် အ.ထ.က ဂျိုးတောင်စာစစ်ဌာနတို့တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၃၀)ဦး ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် COVID - 19 အသိပညာပေးပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်/ လက်ဆေးဆပ်ပြာ ဖြန့်ဝေခြင်း၊ လက်ဆေးနည်း အသိပညာပေးခြင်း၊
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် စာစစ်ဌာန (၂၈) ခုရှိပြီး မင်းဘူး(စကု) မြို့နယ်တွင် စာစစ်ဌာန (၆) ခုဖြင့် ဆောင်ရွက်လျက်ရှိရာ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီ အချိန်က စတင်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၉၅) ရာခိုင်နှုန်းရှိကြောင်း မင်းဘူးမြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။
Mar 18,2020
ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်ရောဂါ မြန်မာနိုင်ငံဒေသအသီးသီးသို့ ဝင်ရောက်ကူးစက်ပျံ့ပွားမှုမရှိစေရေး နယ်စပ် အဝင်/အထွက်ဂိတ်ရှိသည့် မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့များတွင် တာဝန်ရှိအဖွဲ့အစည်းများ တားဆီး ကာကွယ်ရေး လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 18,2020
ယခုနှစ်သရက်သီးရာသီချိန်တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော စိန်တလုံးသရက်သီးတန်ချိန် ၁၂၀၀ အားဝယ်ယူရန် သရက်ထွက်ရှိသည့်ဒေသများမှ သရက်စိုက်တောင်သူများနှင့် ဂျပန်နိုင်ငံ YUKIOK Myanmar Co.Ltd မှ စာချုပ်ချုပ်လျက်ရှိကြောင်း မြန်မာ့သရက်ဈေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်ထံမှသိရသည်။
Mar 18,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့ နံနက် ၉ နာရီက အခြေခံပညာ ကျောင်းများရှိ စာစစ်ဌာန (၆) ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုရန်အတွက် စာရင်းရှိ ၉၃၀ ဦးရှိပြီး ဖြေဆိုသူ ၈၇၉ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၄ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်း