ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်စု အုပ်ချုပ်ရေးမှူး များ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
Feb 28,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အထေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက ဌာနဆိုင် ရာများအလိုက် မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် မြို့တွင်းရှိ အဓိကလမ်းမကြီး အပိုင်း(၃)ပိုင်းအား ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
Feb 28,2020
အခြေခံလူတန်းစားများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီဘီစီမြန်မာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီက စုရပ်ခေါင်းဆောင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Feb 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မန္တလေးပြန်လည် ထူထောင်ရေးစခန်းတွင် စခန်းနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ် ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး (၁/၂၀၂၀) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကျင်းပခဲ့သည်။
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်လူငယ် ရေးရာ ကော်မတီတို့ မှကြီးမှူး၍ မုန့်ဖုတ်လုပ်နည်းသင်တန်းကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင်ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။
Feb 28,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ADSP စီမံကိန်းကူညီပံ့ပိုးမှုနှင့် နွေနှမ်းစံပြကွက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း တောင်သူကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီက လက်ပန်လှကျေးရွာအုပ်စု၊ တောင်သူ ဦးခင်မောင်အေး၏ ကွင်းအမှတ် ၃၁/ဃ၊ ဦးပိုင်အမှတ် ၃၈ ရှိ (၂)ဧက စိုက်ကွက်တွင် ကျင်းပပြုလုပ်ရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်နှင့် ဝန်ထမ်းများ၊ မာလဲ၊ နတ်တောင်၊ လက်ပန်လှကျေးရွာအုပ်စုများမှ နွေနှမ်းစိုက်တောင်သူများ တက်ရောက်ကြသည်။
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယနေ့နံနက်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပ‌ဒေ အသိပညာပေးဆွေးနွေးပွဲနှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြ သည်။