ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 27,2020
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) CommunityCentre သို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းသား (၃၅)ဦး သည်ကြီးကြပ်သူများ လိုက်ပါ၍ ယနေ့၊ နေ့လယ် ( ၃ )နာရီက အဆိုပါ လူထုအခြေပြုဗဟိုဌာနသို့ ရောက်ရှိလေ့လာကြသည်။
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဥဒိန်ကျေးရွာအုပ်စု ဆင်ကုန်းကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။
Feb 27,2020
ကျွန်းလှမြို့နယ်တွင် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့ဥပဒေ၊ နည်းဥပဒေများ လိုက်နာကျင့်သုံးရေး နည်းပညာပေး သင်တန်းဖွင့်
Feb 27,2020
တောင်ငူမြို့နယ်၊ (၁၉) ရပ်ကွက် ၊ ရန်ကုန် - မန္တလေး ကားလမ်းဘေးရှိ ဆည်းဆာပရိဘောဂဆိုင်၌ ယနေ့ နံနက် ၂ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Feb 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ကြီးမှူး၍ Corona virus Disease 2019(COVID-19) လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၄:၀၀) နာရီ အချိန်က လက်ပံဆိပ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်အိအိသွယ်က အမှာစကား ပြောကြားခြင်း၊ မြို့နယ် ကျန်းမာရေးမှူး ဒေါ်ထွန်းမေ က ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အခွင့်အရေးနှင့်အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂:၀၀)နာရီက မြစ်သားမြို့နယ် လက်ပံဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းတို့က အမှာစကား ပြောကြား ခဲ့သည်။
Feb 27,2020
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပြည်သူလူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးစီမံချက် မြို့နယ်အဆင့်လုပ်ငန်းအသိပေးရှင်းလင်းပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။