Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
သုံးခွမြို့မဈေးအတွင်း စားသုံးသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်မျိုးစုံဆိုင်များနှင့် ဆေးဆိုင်များအား သွားရောက်စစ်ဆေး
Feb 28,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆေးဆိုင်များသို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က သွားရောက်၍ ဈေးကွက်အတွင်းရှိ ဘုတ်ဆုံမ၊ ဒေါ်ထွေး၊ အမှတ်တံဆိပ်ပါ ငရုပ်သီးအကျက်မှုန့်များ၊ စားသုံးဆီများနှင့် စံမညီ ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်၀င် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ သဘာ၀ဘေးအန္တရာယ်နှင့် မီးဘေးကင်းဝေးစေရေး စစ်ဆေး
Feb 28,2020
ရေဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံးဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၉ နာရီက ဒုမီးသတ်ဦးစီးမှူးများဖြစ်သော ဦးအောင်ကိုနိုင်၊ ဦးသန့်ဇင်ဖြိုးနှင့် လက်ထောက် မီးသတ် ဦးစီးမှူးများ သန္ဓေတပ်ဖွဲ့၀င်များ အရန်မီးသတ်တပ်ဖွဲ့၀င်များသည် ၂၀၂၀ ခုနှစ် တက္ကသိုလ်၀င် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများနှင့် စာစစ်ဌာန၀န်းကျင်ရှိ ရပ်ကွက်ကျေးရွာများတွင် မီးဘေးကြိုတင် ကာကွယ်နိုင်စေရေး စစ်ဆေးခြင်း အကြံပြုခြင်းများကို အဖွဲ့နှစ်ဖွဲ့ခွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့နယ်တွင် NEP အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်း အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ပျုတာ သင်တန်းဆင်းပွဲ ကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ကွန်ပျုတာသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး) ၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေး အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့နယ်တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး အတွက် မြေနေရာ သတ်မှတ်ရွေးချယ်ခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၅၀ ကျော်ဖြင့် တစ်ထပ်ကျောင်းဆောင်သစ်များကို ဆောက်လုပ်မည်ဖြစ်ရာ ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် က မြို့နယ်ပညာရေးမှူး ပညာရေးမှူး ဦးဝင်းရွှေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ထွန်းတို့သည် ပြည်ကမ္ဘာကျော်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ရွာသာ (ညို့တုံ) ကျေးရွာအုပ်စု၊ ရွာထင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်၊ သွပ်မိုးတစ်ထပ် အမျိုးအစား ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာရွေးချယ် တိုင်းတာခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်စီမံကိန်း ချေးငွေအား ပဉ္စမအကြိမ်မြောက်ထုတ်ချေးပေး
Feb 28,2020
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု၊ ပျဉ်း၀ကျေးရွာ ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းများအား ကျေးရွာအဆင့် သုံးသပ်ဆွေးနွေးခြင်းနှင့် မြစိမ်းရောင် စီမံကိန်းချေးငွေကျပ် (၄၆၆) သိန်းအား ပဉ္စမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက် ဝါဂွမ်းစက်ရုံတွင် မီးလောင်မှုဖြစ်ပွား
Feb 28,2020
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက် အကွက်(၅၄၉)ရှိ ဝါဂွမ်းစက်ရုံတွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီ ၈ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
342
Page
343
Page
344
Page
345
Current page
346
Page
347
Page
348
Page
349
Page
350
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department