ကော့သောင်းမြို့နယ် ဒေသတွင်း စားသုံးမှုဖူလုံနိုင်စေရေး (၁၀) မိုင်ဥယျာဥ်ခြံအတွင်း ဟင်းသီးဟင်းရွက်နှင့် သီးပင်၊ စားပင်များ စိုက်ပျိုးထားရှိ
Jun 04,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မျိုးကောင်းမျိုးသန့် ပျိုးပင်များထုတ်လုပ်ဖြန့်ဖြူးနိုင်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး တောင်သူများ လက်တွေ့စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ ဒေသတွင်း ဟင်းသီးဟင်းရွက်များဖူလုံပြီး ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် တောင်သူများကိုယ်တိုင်စိုက်ပျိုး တတ်လာစေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိကာ တစ်ဦးချင်းဝင်ငွေတိုးတက်ပြီး လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊(၁၀)မိုင်ဥယျာဉ်ခြံတွင် ဟင်းသီးဟင်းရွက်များ၊ သီးပင်၊ စားပင်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။