သတင်းများ

ခရိုင်အုပ်ချုပ်ရေးမှူး မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးကြည့်ရှု
Dec 13,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့ အတွက်လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာ နားဆိုင်းဆည်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Dec 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ နိုင်ငံဝန်ထမ်းနည်းဥပဒေစာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၃၅) သင်တန်းဆင်းပွဲ ကျင်းပ
Dec 13,2025
အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၃၅)၏ သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ရှိ စစ်ရေးပြကွင်းတွင် ယမန်နေ့ နံနက် ၈ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ် ဦးကျော်ထွေးအား အလေးပြုပြီးဆက်လက်၍ နိုင်ငံတော်အလံအား အလေးပြု ကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
Dec 13,2025
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ကံကုလား-ကံသစ်-ကျောက်စ်ပုံ ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်း၊ ကံသစ်ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ စက္ကရိုးနှင့် စကားရိုး ချောင်းနှစ်သွယ်အစုံ ချောင်းကူးသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ဟိုပုံးမြို့နယ်၌  မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 13,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများအားလုံး ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူ မဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်က ဟိုပုံး-ဆီဆိုင်သွား ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ဖြန့်ဝေလျက်ရှိသည်။
သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်း
Dec 13,2025
၁၃၈၇ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၈)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြသည်။
ဂန့်ဂေါမြို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 13,2025
မကွေးတိုင်းဒေသကြီး၊  ဂန့်ဂေါမြို့၌ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးရှိုင်းသူ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့များသည် ငလျင်ဘေးအန္တရာယ်ဆိုင် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့၌ “ ဒို့အတူတူမဲပေးကြမယ် ” လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ
Dec 13,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ ၌ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၈ နာရီခွဲက လူစည်ကားရာ ဇေယျာသီရိဈေးနှင့် မင်းလှမြို့ အဝင်တြိဂံလမ်းဆုံမှ မင်းလှ-သရက်ကားလမ်းမဘေးတို့တွင် သွားရောက်ဖြန့်ဝေခဲ့ကြသည်။