သတင်းများ

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jun 04,2026
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ် အောက် အမျိုးသား/ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းဖြင့် စပါးစိုက်ပျိုးထားသော သမဝါယမအသင်းသားများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်
Jun 04,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ တောင်သူများ၏ လူမှုစီးပွားဘဝမြှင့်မားရေးကို ရည်ရွယ်ကာ (သက်တန့်ရောင်) စီမံကိန်းဖြင့် သမဝါယမ အသင်းသား တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနားကို ဇွန် ၄ ရက် နံနက် ၁၀ နာရီက  ချောင်းပတ်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်၌ သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jun 04,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၏ သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များပြောင်းရွှေ့
Jun 04,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေမြင့်တက်လာရာမှ ရေတိုက်စားပြီး ကမ်းပါးပြိုကျလာမှုကြောင့် နေအိမ်(၈)လုံးတို့အား ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့ပေးခဲ့ကြောင်းသိရသည်။
ပျော်ဘွယ်မြို့နယ်၌ လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေး
Jun 04,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားကတ်ရရှိသူများနှင့် UID ကတ်ရရှိသူများအား ထုတ်ပေးခြင်းကို ဇွန်လ ၄ ရက် နံနက် ၁၀ နာရီက ကျီနီကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ကတ်ပြားများဆောင်ရွက်ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး
Jun 04,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊‌ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား  နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ ကုမ္ပဏီတည်ထောင်ပြီးနောက် လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေး ဟောပြောပွဲ အခမ်းအနား တက်ရောက်
Jun 04,2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲအခွန်ဥပဒေများနှင့်အညီ ကုမ္ပဏီတည်ထောင်ပြီးပါက လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Sunshine Hotel၌ ကျင်းပပြုလုပ်သည်။
စေတုတ္တရာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့် ကျောင်းသင်တန်းအခမ်းအနားဖွင့်လှစ်
Jun 04,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ပညာသင်နှစ် မြို့နယ်အဆင့် ကျန်းမာရေးအဆင့်မြင့်ကျောင်းသင်တန်းအခမ်းအနားကို မြို့နယ်ပညာရေးမှုးရုံး၌ ယမန်နေ့နံနက် ၉နာရီက ဖွင့်လှစ်ခဲ့သည်။