ရွှေဘိုမြို့တွင် KTV စားသောက်ဆိုင်များ မီးဘေးအန္တရာယ်ကင်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Dec 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၁၁)ရက်နေ့နံနက်ပိုင်းက ရွှေဘိုမြို့နယ်အတွင်းရှိ KTV စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။