သတင်းများ

မဲစာရင်းများမှန်ကန်စေရေး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး door to door စစ်‌ဆေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 10,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေးနှင့်မဲစာရင်းများမှန်ကန်စေရေး ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး Door To Door စစ်ဆေးခြင်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ မဲပေးရန်နည်းလမ်းများ လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 10,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲပေးရန်နည်းလမ်းများ လက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များပူးပေါင်း၍ မင်္ဂလာဈေး၊ ကားဂိတ်၊ တက္ကဆီဂိတ်၊ ဆိုက်ကားဂိတ်များ၌ ပေးဝေခဲ့သည်။
မဟာအောင်မြေမြို့နယ်၌  ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုများဆောင်ရွက်
Dec 10,2025
‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဟေမမာလာမြောက်ရပ်ကွက်နေ လူငယ်လူရွယ်(ကျား/မ)မရွေး  ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအနေဖြင့် အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက  ကျင်းသည်။
မြစ်သားမြို့နယ်တွင် ကျေးလက်လမ်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုအား   ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ပြင်ဆင် ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော ၂၁ မိုင်လမ်းမှ တောင်တောကုန်း-ဂဠုန်ကန်လမ်း မြေသားပြုပြင်ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဖြစ်သည့် (0.501  km × 4.27m × 100mm) လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား  ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကျောက်ဆည်ခရိုင်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်အတူခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Dec 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ဒီဇင်ဘာ ၁၀  ရက်နေ့ နံနက်  ၁၀ နာရီခွဲက  အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။                                                                         
ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များရောင်းချပေး
Dec 10,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့​နေ့နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကျင်းပ
Dec 10,2025
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၅)သရက်ပင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  ဒီဇင်ဘာ  ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရစ္စမတ်ဆုတောင်းဝတ်ပြုပွဲပြုလုပ်
Dec 10,2025
ခရစ်သက္ကရာဇ် (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ္စမတ်ပွဲတော်အကြို ဆုတောင်းဝတ်ပြုပွဲကို ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့နံနက် ၉ နာရီက ပြုလုပ်ကျင်းပရာ သိက္ခာတော်ရဘုန်းတော်ကြီး Rev.Fr သိန်းမောင်၏ အဖွင့်ဆုတောင်းမေတ္တာနှင့် ကျောင်းသား၊ ကျောင်းသူများ၏ “တိတ်ဆိတ်ည၊ သန့်ရှင်းည” သီချင်းဖြင့် အခမ်းအနားကို စတင်ခဲ့ကြောင်း သိရသည်။