သတင်းများ

ကိုကိုးကျွန်းမြို့နယ်၌ “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများ လက်ဝယ်အ‌ရောက် ဆက်လက်ဖြန့်ဝေ
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်မဲပေးနိုင်ရေး “ဒို့အတူမဲ‌ပေးကြမယ်” ရွေးကောက်ပွဲ လှုပ်ဆော်လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာတွင် မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်
Dec 10,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ မက်မန်းခရိုင်၊ မန်ကန်မြို့ လူငယ်များအားဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေး၊ နိုင်ငံတော်အတွက်အားထား ရမည့် နိုင်ငံ့သားကောင်းရတနာများဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့က မန်ကန်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း(တာချီလိတ်ရုံးခွဲ)ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 10,2025
‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း(တာချီလိတ်ရုံးခွဲ)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ကျင်းပခဲ့သည်။
ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ စစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်
Dec 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ယနေ့နံနက် (၈) နာရီအချိန်တွင် မြို့နယ်ကာကွယ်ရေးအဖွဲ့စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့မှ အနော်ရထာလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်တွင် ဆိုင်ကယ်စီးနှင်းကြသော ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုင်စင်မဲ့စီးနှင်းနေသော ဆိုင်ကယ်များအား စစ်ဆေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လွယ်စန့်ကျေးရွာ အ.မ.ကတွင် ကျောင်းသား/ကျောင်းသူများကို အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်
Dec 10,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၂နာရီက နမ့်လစ်ကျေးရွာအုပ်စုရှိ လွယ်စန့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင်ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လဲ့မာနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မိတ္ထီလာမြို့ အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း (ရဲပေါက်ချောင်း)တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကျင်းပ
Dec 10,2025
မန္တလေးတိုင်း‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၉ ရက်နေ့ က အမှတ် (၈)အခြေခံပညာမူလတန်းကျောင်း (ရဲပေါက်ချောင်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မက်မန်းမြို့တွင် မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသဆိတ်များ လက်ဆင့်ကမ်း(အခမဲ့) ဖြန့်ဖြူးပေးအပ်ပွဲ ကျင်းပ
Dec 10,2025
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စတင်ဖြန့်ဖြူးခဲ့သော ပြည်နယ်ရန်ပုံငွေ ၈.၅ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မျိုးကောင်း၊ မျိုးသန့်ဒေသဆိတ်များ မွေးမြူရေးဘဏ်စနစ်ဖြင့် လက်ဆင့်ကမ်း(အခမဲ့)ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့က မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ ဒို့အတူတူ မဲပေးကြမယ်  အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် လှုံ့ဆော်မှု ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။