မြစ်သားမြို့နယ်တွင် ကျေးလက်လမ်း ပြုပြင်ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ပြင်ဆင် ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော ၂၁ မိုင်လမ်းမှ တောင်တောကုန်း-ဂဠုန်ကန်လမ်း မြေသားပြုပြင်ခြင်းနှင့် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းဖြစ်သည့် (0.501 km × 4.27m × 100mm) လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကျောက်ဆည်ခရိုင်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်အတူခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။