မော်လမြိုင်ကျွန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးသူငယ်များကို ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှုလျော့နည်းကျဆင်းစေရန်ရည်ရွယ်ပြီး ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် တိုးချဲ့ထိုးနှံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကုတင်(၅၀) ဆံ့ ပြည်သူ့ဆေးရုံ၌ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော ကလေးငယ်များနှင့် အသက် (၉)နှစ် ပြည့်ပြီး (၁၀) နှစ်မကျော်သော ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။