သတင်းများ

မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေးနယ်လှည့် ကွင်းဆင်း ဆောင်ရွက်
Dec 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအားအသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချားမြို့ အ.လ.က(၁)မှ ဒီဇင်ဘာအားကစားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အ.လ.က(၁)မှ ဒီဇင်ဘာအားကစားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က မြို့မအားကစားကွင်းတွင် ဆောင်ရွက်ခဲ့ပါသည်။
ကျွန်းစုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော
Dec 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ဒီဇင်ဘာလ ၉ ရက်နေ့မွန်းလွဲပိုင်းက ထိန်ချောင်းကျေးရွာရှိ အခြခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောခဲ့သည်။
ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ/ပြိုင်ပွဲများ ကျင်းပ
Dec 10,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ပင်လုံမြို့၊ အ.ထ.က(၁)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပခဲ့ပါသည်။
မိုင်းခုတ်မြို့ လူထုအ​ခြေပြုဗဟိုဌာန(community center)ခန်းမတွင် စာဖတ်ရှိန်​မြှင့်တင်​ရေး အသိပညာ​ပေးဟောပြောပွဲပြုလုပ်
Dec 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်​မြှင့်တင်​ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကသာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဆက်လက်ဖြန့်ဝေ
Dec 10,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်‌ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိ‌စေရေး၊ မဲ‌ပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသား‌ရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်‌ကြောင်း ပြည်သူအားအသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်တွင် လူစည်ကားရာ ကသာမြို့ မြို့မဈေးကြီး ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ "ဒို့အတူတူ မဲပေးကြမယ်" Billboard များ စိုက်ထူ
Dec 10,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခြင်းကို ယ‌နေ့ နံနက် ၈ နာရီက မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေး ရွှေလင်းခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။