သတင်းများ

ကန့်ဘလူမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆန်လျှော်) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
May 26,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆန်လျှော်) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို မေ ၂၅ ရက်နံနက် ၈ နာရီက တောက္ကရှပ်ကျေးရွာ ဦးပိုင်အမှတ် ၆၁၅၊ ကျွဲကျောင်းတဲကွင်း တောင်သူ ဦးစိုးဝင်း၏ လယ်မြေ ၁ ဒသမ ၉၀ ဧက၌ ဆောင်ရွက်သည်။
မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဆီထွက်သီးနှံ(နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား နည်းပညာပေးသင်တန်းပြုလုပ်
May 26,2026
မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်  မလှိုင်မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)အတွင်းဆောင်ရွက်သည့် ဆီထွက်သီးနှံ(နေကြာ) ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တောင်သူနည်းပညာပေးသင်တန်းကို မေ ၂၅ ရက်က ရေချိုဘူတာအုပ်စု သပြေပင်ကျေးရွာ  SMU ခန်းမ၌ ပြုလုပ်သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ပြုလုပ်
May 26,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမတွင် မေ (၂၅) ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ
May 26,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေး  
May 26,2026
မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေ ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော် ကျော်ဦး ဦးဆောင်၍ (ခ)ရပ်ကွက်အတွင်းရှိ လူနေ အိမ်များအားတစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများအား ယမန် နေ့ နံနက်ပိုင်းက စတင်၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ပြုလုပ်သည်။    
သနပ်ပင်မြို့နယ်၌ နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီး ကြိုဆိုပွဲကျင်းပ
May 26,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်မှ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား အိမ်ပြန်ခရီးလမ်းတွင် တာဝန်ရှိသူများနှင့် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ ဝမ်းမြောက်စွာဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိ
May 26,2026
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိရာ မိဘများမှ ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွင်တက်ကြွစွာဖြင့်  မေ ၂၅ ရက် နံနက် ၉ နာရီမှစတင်၍ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၌ UID ကတ်ထုတ်ပေးခြင်းနှင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
May 26,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ UID ကတ်ထုတ်ပေးခြင်းနှင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းလုပ်ငန်းများကို မေ ၂၅ ရက်နံနက်ပိုင်းက တနင်္သာရီမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(တနင်္သာရီ)နှင့် အခြေခံပညာမူလတန်းကျောင်း(ချောင်းငယ်)တို့တွင် ဆောင်ရွက်သည်။