သတင်းများ

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံပြုလုပ်မည့်နေရာများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု
Dec 05,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံပြုလုပ်မည့်နေရာများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 05,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၂) ပြွန်တန်ဆာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး အားကစားပြိုင်ပွဲများ ကျင်းပ
Dec 05,2025
ကျောင်းသား၊ ကျောင်းသူများအား အသိဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်သာမက ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက်  ချမ်းအေးသာစံမြို့နယ် ပညာရေးမှူးရုံးအနေဖြင့် မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေး အားကစားပြိုင်ပွဲများကို  ခလရ ၉၅ အတွင်းရှိ အားကစားကွင်း၌  ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မအူပင်မြို့နယ်အတွင်းရှိ (၂၀၂၅-၂၀၂၆) ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဌာနမှတာ၀န်ယူဆောင်ရွက်လျက်ရှိသည့် သောင်တန်း-တံခွန်တိုင်-မီးသွေးချောင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရေလဲကလေး-မလောင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက  အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးမှ လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ဘားအံမြို့တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေး
Dec 05,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုင်ငံတော်၏ အရေးကြီးသော အရင်းအမြစ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲစွာကျင့်သုံးတတ်စေရန် ရည်ရွယ်၍ KG ကျောင်းသား၊ ကျောင်းသူများအား ပဉ္စမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က ဘားအံမြို့နယ်အတွင်းရှိ ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်
Dec 05,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို ဒီဇင်ဘာ ၅ ရက်နံနက် က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ကျိုက္ကစံဆံတော်ရှင်စေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ငြမ်းဆင်ခြင်းမင်္ဂလာ၊ ပရိတ်တရားတော်နာယူခြင်းနှင့် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
Dec 05,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတွင် စေတီတော်ဂေါပကအဖွဲ့ကကြီးမှုး၍ သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီနှင့် အရံစေတီ (၁၈) ဆူတို့အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် ငြမ်းတပ်ဆင်ခြင်း မင်္ဂလာ၊ ပရိတ်တရားတော်နာယူခြင်းနှင့် အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား မြန်မာသက္ကရာဇ် ၁၃၈၇ ခု နတ်တော်လပြည့် (စာဆိုတော်နေ့) ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက် နံနက် (၆) နာရီအချိန်က စေတီတော်ရင်ပြင် မင်္ဂလာမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 05,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။