သတင်းများ

မိုင်းနောင်မြို့တွင် မိုင်းရှူးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အမျိုးသမီးငယ်များဘဝ ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Dec 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မိုင်းရှူးခရိုင် အမျိုသမီးရေးရာ အဖွဲ့မှကြီးမှူး၍ အမျိုးသမီးငယ်များဘဝ ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြန်အောင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချ
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ် (၁) ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်​ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ မှတ်ပုံတင်မရှိသူပြည်သူများအား ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့မွန်းလွဲပိုင်းက One Stop Serviceဖြင့် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို)အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ကျင်းပခဲ့သည်။
ကသာမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေး door to door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး
Dec 05,2025
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များသို့ ဒုတိယအကြိမ် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်စာရင်း မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဒီဇင်ဘာ ၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။
သထုံမြို့နယ် နောင်ကုလားအလယ်ရွာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်
Dec 05,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာ အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။
ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်
Dec 05,2025
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ “မိမိဘဝတိုးတက်ဖို့ စာဖတ်ကြပါစို့” ခေါင်းစဥ်ဖြင့်လူငယ်စကားဝိုင်းကျင်းပ
Dec 05,2025
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက မိမိဘဝတိုးတက်ဖို့ စာဖတ်ကြပါစို့ ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကိုကျင်းပသည်။