သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်
Dec 05,2025
မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်စားပွဲတင်တင်းနစ် ဆပ်ကော်မတီတို့ပူးပေါင်း၍ ဆောင်းရာသီစားပွဲတင် တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း အားကစားခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မျိုးစေ့ချကိရိယာ (Drum Seeder) များပေးအပ်ပွဲအခမ်းအနားကျင်းပ
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မျိုးစေ့ချကိရိယာ (Drum Seeder) များပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   မော်ဧရာခန်းမ၌ကျင်းပ ဆောင်ရွက်သည်။
ကျိုက်မရော၌ “ဒို့အတူတူမဲပေးကြမယ်”အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 05,2025
 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူ မဲပေးကြမယ်”အသိပညာပေး လက်ကမ်းစာစောင်များကိုယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးစိုးလွင်နှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြည်သူများ လက်ဝယ်အရောက်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
တံတားဦးမြို့နယ် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Dec 05,2025
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီရုံးနေရာ၌ ကျင်းပကြောင်း သိရသည်။
မိုးကောင်းမြိုနယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာ ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေး
Dec 05,2025
အရည်အချင်းမြှင့်မားသည့် လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ပညာထူးချွန်ပြီး စာရိတ္တကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သော ကျောင်းသားလူငယ်များရွေး ချယ်ရာတွင်ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အဆင့်ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဒီဇင်ဘာ(၅)ရက် နံနက်(၈)နာရီတွင် ပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မိဘ၊ ဆရာ၊ ကျောင်းသားတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
Dec 05,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းပြင်ပပညာရေးသင်ယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူများ၊ မိဘ၊ ဆရာ ကျောင်းသားတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာကျောင်းပြင်ပကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။
မြင်းခြံမြို့နယ်၏ မဲဆန္ဒရှင်စာရင်းကို ယနေ့အချိန်ထိ ပုံစံ (၃) ဖြင့် လျောက်ထားသူ ၃၂၉၃ ဦးရှိ
Dec 05,2025
၂၀၂၅ ခုနှစ်တွင် ကျင်းမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြင်းခြံမြို့နယ်အတွင်းရှိ သတ်မှတ်နေရာ အသီးသီးတွင် ထုတ်ပြန်ကြေညာထားရာ ဒီဇင်ဘာလ ၄ ရက်နေ့အထိ မြင်းခြံမြို့နယ်တွင် မဲစာရင်းမပါသဖြင့် ပုံစံ (၃) ဖြင့် လာရောက်လျှောက်ထားသူ ၃၂၉၃ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။