ကြံခင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျွန်းပုလု၌ လူငယ်စကားဝိုင်းကျင်းပ
Dec 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျွန်းပုလုတို့ပူးပေါင်း၍ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိစုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။