လှိုင်းဘွဲမြို့နယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်
Dec 05,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များမှ နိုဝင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ အိမ်တိုင်ရာရောက် တိုက်ဆိုင်စစ်ဆေးပေးကြကြောင်း သိရသည်။