တမူးမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ အားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များအား ယမန်နေ့နံနက် (၁၀) နာရီမှစ၍ လူစည်ကားရာနေရာများနှင့် အခြေခံပညာကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။