သတင်းများ

တောင်ဥက္ကလာပမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်
Aug 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၈)နာရီက အမှတ်(၁၁) ရပ်ကွက်၊ သာသနာ့ဟိတ ဓမ္မာရုံကြီးတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့ ဝါရှောင်ဆည်ရေသောက် ဧရိယာအတွင်းရှိ လက်တံမြောင်းများအား Cash For Work စီမံကိန်း ထောက်ပံ့ငွေဖြင့် တောင်သူများ ကိုယ်တိုင် ရှင်းလင်းရေးဆောင်ရွက်
Aug 04,2020
ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် ပြန်လည်ကုစားမှုရန်အတွက် ( Covid-19 Economic Relief Plan – CERP ) အစီအစဉ်အရ ဝိုင်းမော်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝါရှောင်ဆည် လက်တံမြောင်းရှင်းလင်းရေး လုပ်ငန်းများအတွက် Cash For Work စီမံကိန်းထောက်ပံ့ငွေဖြင့် ‌တောင်သူများကိုယ်တိုင် သဲနှုန်းဆည်ခြင်း၊ မြောင်းများပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ ခေါဇာမြို့တွင် အခြေခံဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်
Aug 04,2020
ကုလသမ္မဂဖွံ့ဖြိုးမှု အစီအစဉ်( UNDP) မှစီစဉ်ဆောင်ရွက်သော မြို့နယ်အဆင့်၊ရပ်ကျေး အဆင့် ဘေး အန္တရာယ် စီမံခန်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအတွက် အခြေခံဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာ မြို့‌ေကျာင်းသစ်‌ဘုန်ကြီး‌ကျောင်း တွင် ယနေ့ နံနက် ၁၀ နာရီက သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
အင်းတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု၊ ပင့်တင်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိသည့် နေအိမ်နှင့်ကိုက် (၁၀၀) အတွင်းရှိ နေအိမ်ပတ်ဝန်းကျင်အား ရောဂါကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများချိတ်ဆွဲခြင်း ဆောင်ရွက်
Aug 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်းကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုဘိုင်းယာဉ်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 04,2020
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမိုဘိုင်းယာဉ်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရန်အောင်ဈေးတွင် ဖြန့်ဝေပေးခဲ့သည်။
နတ်မောက်မြို့နယ်တွင်‌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာများအား ရန်ပုံငွေ လွှဲပြောင်း ပေး အပ်ပွဲကျင်းပ
Aug 04,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းခန်းမ၌ကျင်းပခဲ့သည်။
ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကျေးရွာရှိ  ဆယ်အိမ်တန်းကမ်းခြေ၌ လာရောက်အပန်းဖြေသူများပြား
Aug 04,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကညင်ကုန်းကျေးရွာအုပ်စု ဆယ်အိမ်တန်း ကျေးရွာရှိ ဆယ်အိမ်တန်းကမ်းခြေတွင် လတ်တလောဖြစ်ပွားနေသော အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း အစိုးရရုံးပိတ်ရက်များ၊