ဘောဂလိမြို့၌ အသက် (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်
Aug 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ရှိ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က ဘောဂလိမြို့ ဖူးထေ့လေ့အဆောင်၌ အသက်နှစ်နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။