သတင်းများ

ကျောက်တံတား မြို့နယ် ပညာ့အလင်းခေတ်မီ စာကြည့်တိုက်တွင် အသံထွက်၍ စာဖတ်ပြခြင်း သင်တန်း ဖွင့်လှစ်
Feb 27,2020
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်း ခေတ်မီ စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက “အာဆီယံ-ကိုရီးယား စာအတူဖတ်စို့လား” အစီအစဉ် အတွက် အသံထွက်၍ စာဖတ်ပြခြင်း သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရေဦးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စိတ်ကြိုက်ကဗျာရွတ်ဆိုပွဲကျင်းပ
Feb 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာပေချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းကျင်းပသော စိတ်ကြိုက်ကဗျာရွတ်ဆိုပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအ‌ခြေပြုဗဟိုပြုဌာန (Community Centre)၌ ကျင်းပခဲ့သည်။
လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ သထုံတွင် ပြုလုပ်
Feb 27,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ နယ်လှည့်ဆေးကုသမှုများဆောင်ရွက်
Feb 27,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ပြည်သူများအား သွားဘက်ဆိုင်ရာ ကျန်းမာရေးများကို အခမဲ့ ကုသပေးခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ် တကူပုံကျေးရွာ၌ အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ‌ ကျင်းပ
Feb 27,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်‌မွေးဝမ်း‌‌ကျောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တကူပုံကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ သည်။
ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေး အသိပညာပေးဆွေးနွေး
Feb 27,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် World Vision အဖွဲ့တို့ ပူးပေါင်း၍ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မာရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရွေဂွန်းကျေးရွာ၌ ပြုလုပ်သည်။
မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာ၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများဆောင်ရွက်
Feb 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်ပိုင်းက ရှမ်းရေကျော်ကျေးရွာ၊ ဓမ္မာရုံ၌ ကျေးရွာသူ/သားများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲများကို ဆောင်ရွက်ခဲ့ သည်။
ပုလောမြို့၌ ကိုရိုနာဗိုင်းရပ်စ်အကြောင်းအသိပညာပေးဆွေးနွေးပွဲပြုလုပ်
Feb 27,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်အကြောင်းအသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။