သတင်းများ

ကော့မှူး၌ ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး
Feb 27,2020
ကျောင်းသားကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ ပူးပေါင်း၍ ကျေးရွာရှိကျောင်းများအရောက် ရွေ့လျားစာကြည့်တိုက် ယာဉ်နှစ်စီးဖြင့် အခမဲ့လိုက်လံငှားရမ်းဆောင်ရွက်ပေးနေကြောင်းသိရသည်။
မြစ်သားမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ ကြီးမှူး၍ Corona virus Disease 2019(COVID-19) လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၄:၀၀) နာရီ အချိန်က လက်ပံဆိပ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်အိအိသွယ်က အမှာစကား ပြောကြားခြင်း၊ မြို့နယ် ကျန်းမာရေးမှူး ဒေါ်ထွန်းမေ က ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် အမျိုးသမီးကော်မတီမှအသိပညာပေးဟောပြောပွဲကျင်းပ
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အခွင့်အရေးနှင့်အကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂:၀၀)နာရီက မြစ်သားမြို့နယ် လက်ပံဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်းတို့က အမှာစကား ပြောကြား ခဲ့သည်။
စဉ့်ကူးမြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Feb 27,2020
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်ပပြုလုပ် ခဲ့ကြောင်း သိရသည်။
စာရေးဆရာ မောင်မိုးယံ၏ "လူငယ်နှင့်…အနာဂတ် ဘဝမြှင့်တင်ရေး ဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Feb 27,2020
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်းများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီ အချိန်က "အောင်ပြည့်စုံ"ဘော်ဒါနှင့် နေ့အထူးကျောင်းမှ ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
ဖြူးမြို့နယ်တွင် ပြည်သူလူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးစီမံချက် မြို့နယ်အဆင့် လုပ်ငန်း အသိပေးရှင်းလင်းပွဲကျင်းပ
Feb 27,2020
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပြည်သူလူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးစီမံချက် မြို့နယ်အဆင့်လုပ်ငန်းအသိပေးရှင်းလင်းပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။
ဒဂုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ သက်ကြီးစာဖတ်ဝိုင်း ဆောင်ရွက်
Feb 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာဗဟုသုတ ကြွယ်ဝစေရန် သက်ကြီး စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ငါးမျိုးစိုက်ထည့်
Feb 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ငါးမျိုးစိုက်ထည့်ခြင်းကို လေးထောင့်ကန်ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးဘေးရှိ သုံးခွရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက် တော်ခရားချောင်းအတွင်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။