သတင်းများ

ပန်းတနော်မြို့နယ်၊ ယင်းယိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အ​ခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ယင်းယိုကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းကျင်းပ
Mar 12,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၊(Youth Club) အသင်းတို့ပူးပေါင်း၍ "လူထုစိန်၀င်း" ၏ “လူငယ်တွေကိုယုံပါ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ပေါက် မတ် ၁၂ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာ​မေးပွဲကို မြန်မာနိုင်ငံတဝန်းရှိ စာ​ဖြေဌာန အသီးသီးတွင် တပြိုင်တည်း ကျင်းပလျက်ရှိရာ မ​ကွေးတိုင်း​ဒေသကြီး ပေါက်မြို့နယ်တွင် စာ​ဖြေဌာန(၁၀)ခုရှိပြီး အဆိုပါစာ​ဖြေဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၂ ရက် (ဒုတ
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သိကြားဘုရားကုန်းတွင် မတ်လ(၇)နေ့ ညပိုင်းကဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုနှင့် သင်္ဃန်းကြီးကျေးရွာအုပ်စု ကံကွင်းကျေးရွာတွင် မတ်လ(၈)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုတို့ကြောင့် မီးဘေးသင့်ခဲ့ သည့် အိမ်ထောင်စု (၃)စုအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာ၌ နေကြာမျိုးအထွက် ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ရွှေးဒါးကျကျေးရွာရှိ တောင်သူ ဦး‌သောင်းညွှန့်၏ ကွင်းအမှတ် ၁၉၂၆ ဦးပိုင် ၅၆၇တွင် DOA နှင့် DAR တို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း နေကြာမျိုးများဖြစ်သော ရေဆင်းစပ်မျိုး ၁၊‌ ရေဆင်းစပ်မျိုး ၂၊ ဆင်းရွှေကြာ ၂၊ နေကြာမျိုး အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းသရုပ်ပြသခဲ့‌ကြောင်းသိရသည်။
မောက်မယ်မြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Mar 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်ယွန်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီမှ ကိုယ်ပိုင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး
Mar 12,2020
အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ မွန်းလွဲ၂နာရီက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ကနီမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ (၃) နာရီက ကနီမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​သည်။
တောင်ဥက္ကလာပမြို့နယ် (၁၀) ရပ်ကွက် ပဒေသာဈေး၌ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြော
Mar 12,2020
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 လတ်တလောအသက်ရှု လမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၀) ရပ်ကွက်ရှိ ပဒေသာဈေးတာဝန်ခံရုံး၌ ပြုလုပ်ခဲ့သည်။