သတင်းများ

တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး မြေကာနံရံတည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 12,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမ ပါလျှံမီးပွိုင့်အနီး ကွန်ကရစ်လမ်းသားတိုးချဲ့နိုင်ရန် မြေကာနံရံ ပြုလုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့တွင် တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
Mar 12,2020
တစ်လုံထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျောက်မဲမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဓနုဖြူမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်း ဖွင့်လှစ်
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၀)သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီက ရေပေါက်ကျေးရွာအုပ်စု၊ သိမ်းကုန်းကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Mar 12,2020
မန္တလေးတိုင်း ဒေသကြီး၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂နာရီ၊ မိနစ် ၃၀ က အမှတ်(၅) ရပ်ကွက်၊ အင်ကြင်း ကမ္ဘာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Mar 12,2020
အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအားလူမှုရေးပင်စင်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
ကျီခါးမြို့၌ ဝဥစိုက်တောင်သူများထံ ဝဥမျိုး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 12,2020
ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ကျီခါးမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဝဥစိုက်တောင်သူများထံ (ဝဥ)မျိုး ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျီခါးမြို့စိုက်ပျိုးရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။
Gender, CEDAW, NSPAW အသိပညာပေးဟောပြောပွဲကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အမှတ်(၃)ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမြို့ မူလတန်းကြို ကျောင်း၌ Gender, CEDAW, NSPAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးများ တိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းနှင့် ကျား၊ မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များနှင့် ပက်သက်သည့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
Gender, CEDAW, NSPAW အသိပညာပေးဟောပြောပွဲကျင်းပ
Mar 11,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အမှတ်(၃)ရပ်ကွက်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမြို့ မူလတန်းကြိုကျောင်း၌ Gender, CEDAW, NSPAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ အမျိုးသမီးများ တိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းနှင့် ကျား၊ မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များနှင့် ပက်သက်သည့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။