သတင်းများ

ပုဗ္ဗသီရိမြို့နယ်၌ ပထမအကြိမ်မဲဆန္ဒရှင်စားရင်တွင် အမည်မပါဝင်၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၅၇၄၇) ဦးရှိ
Aug 17,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၁၄ ရက်နေ့ထိ ကပ်ထားကြေညာပေးခဲ့သည်။
ဒေါပုံမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် ပထမအကြိမ်အဖြစ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို အခမဲ့ထိုးနှံပေးနိုင်ရေးအတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ရန်နှိုးဆော်
Aug 17,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊​ ဒေါပုံမြို့နယ်အတွင်း ရပ်ကွက်များရှိ ပထမအကြိမ်အဖြစ် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ကို အခမဲ့ ထိုးနှံပေးနိုင်ရေးအတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ရန် နှိုးဆော်ခြင်းကို ယမန်နေ့မှစ၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လိုက်လံနှိုးဆော် ကြောင်း သိရသည်။
မိုးမောက်၌အခွန်လွတ် သာသနာ့မြေဂရန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Aug 17,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက်ရှိ စိန်ပက်ထရိတ် ကက်သလစ် ဘုရားကျောင်း၌ ယမန်နေ့ ညနေ(၃)နာရီခွဲက အခွန်လွတ်သာသနာ့ မြေဂရန်ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆဒုံးမြို့၌ ကလေးငယ်များအား ဗီတာမင်(A)နှင့် သန်ချဆေးများတိုက်ကျွေး
Aug 17,2020
ကချင်ပြည်နယ်၊ ဆဒုံးမြို့၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ အသက်(၆)လမှ အသက် (၅)နှစ် ကလေးများအား ယမန်နေ့ နံနက် (၉)နာရီတွင် ကျေးလက်ဆေးပေးခန်း၌ ကျန်းမာရေး ဝန်ထမ်းများက ဗီတာမင်(A)နှင့် သန်ချဆေးများတိုက်ကျွေးခဲ့​ကြောင်းသိရသည်။
Covid- 19 Relief Package (2) ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွန်းမံ) သင်တန်းဖွင့်
Aug 17,2020
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ပံ့ပိုးမှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ၏ ပူးပေါင်းမှုဖြင့် ဖွင့်လှစ်သော COVID-19 Relief Package (2) ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွန်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကန်ပက်လက်မြို့ အ.ထ.က (ဇလပ်ဝါ)ခန်းမ၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။
မဘိမ်းမြို့နယ်တွင် စေတနာ့ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်
Aug 17,2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်မှ စေတနာ့ဝန်ထမ်း (Volunteer) များအား ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု(၁၆)စုအား ပြန်လည်အခြေချနေထိုင်နိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
Aug 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာတွင် နယ်မြေလုံခြုံရေးအခြေအနေအရ နီးစပ်ရာ မြစ်ကြီးနားမြို့ ကဘူဒမ်ကျေးရွာသို့ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့ကြသော အိမ်ထောင်စု ၁၆ စုကို ယခုအခါ နယ်မြေအေးချမ်း တည်ငြိမ်လာပြီဖြစ်၍ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဩဂုတ်လ(၁၅) ရက်နေ့ မွန်းလွဲ(၁၂)နာရီက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။