သတင်းများ

ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနတွင် Mobile Tablet အသုံးပြု၍ ကျန်းမာရေး ကြီးကြပ်(၂)များအား မွမ်းမံသင်တန်းပို့ချ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Mobile Tablet အသုံးပြု၍ ကျန်းမာရေး ကြီးကြပ်(၂)များအား
လမ်းမတော်မြို့နယ် UMFCCI တွင် ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအပေါ် အခွန်အခ လျှော့ချခြင်းနှင့် ပတ်သက်၍ မော်တော် ယာဉ်ထုတ်လုပ်တင်သွင်း ရောင်းဝယ်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Aug 14,2020
လမ်းမတော်မြို့နယ် UMFCCI တွင် COVID ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများကို ကုစားသည့် အနေဖြင့် ပြည်ပ တင်သွင်းသည့် လူစီးမော်တော်ယာဉ်များအတွက် မူလတန်ဖိုး (FOB) အပေါ် ကောက်ခံလျက် ရှိသည့် ယာဉ်မှတ်ပုံတင်ခနှုန်းထားများကို ဩဂုတ်လ (၇) ရက်နေ့မှစတင်၍ လျှော့ချ
ကမမောင်းမြို့၌ မြို့အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ပထမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Aug 14,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီခွဲအချိန်က မြို့အဆင့်ဌာန ဆိုင်ရာများစုပေါင်း၍ ပထမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မရမ်းကုန်းမြို့နယ် အခမဲ့ဆေးခန်း (Fever Clinic) တွင် သံဃာတော်(၁၀၅)ပါးအား တီဘီရောဂါပိုးရှိ/မရှိ ဓာတ်မှန်ရိုက် ဆေးစစ်ပေးခြင်း များ ဆောင်ရွက်
Aug 14,2020
ကိုဗစ်-၁၉ကာလအတွင်း ရန်ကုန်အနောက်ပိုင်းခရိုင် ၊မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘောလုံးကွင်း၌ ဖွင့်လှစ်လျှက် ရှိသည့် အခမဲ့ဆေးခန်း (Fever Clinic)တွင် ယမန်မွန်းလွဲ၁၂း၃၀အချိန်က မြို့နယ်စည်ပင်သာယာ ရေး ကော်မတီဥက္ကဌ ဦးစိန်ထွန်းမှ ပင့်​​ဆောင်၍ သံဃာတော် (၁၀၅)ပါးအား တီဘီရောဂါပိုးရှိ/မရှိ ဓာတ်မှန်ရိုက် စစ်ဆေးခဲ့ကြသည်။
လှိုင်မြို့နယ် အခြေခံသမဝါယမအသင်းမှ စားသုံးသူများအား စျေးနှုန်းချိုသာစွာဖြင့် ကြက်သွန်နီများ ရောင်းချ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ရှမ်းပြည်နယ်၏ဒေသထွက်ကုန် ဖြစ်သည့်ကြက်သွန်နီ(၄၂၅)ပိဿာ အား မြို့နယ်သမဝါယမအသင်း ဦးစီးဌာနမှ ကြီးကြပ်၍ မြို့နယ် တွင်းရှိ အခြေခံသမဝါယမအသင်းမှ စားသုံးသူများ စျေးနှုန်းချိုသာစွာ ဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် ယမန်​နေ့နံနက် ၁၀ နာရီကစ၍ ဒုတိယအကြိမ် ဖြန့်ဖြူး ရောင်းချပေးခဲ့ပါသည်။
Covid - 19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော Cash for work စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 14,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် ၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က နိုင်ငံတော်မှ ချမှတ်ထားသော (Covid-19) စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့်  Box Culvert များ ဆောက်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှု
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ရေစီးရေလာ ကောင်းမွန်ရေး  Box Culvert များ ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ ၊မြို့နယ်/ရပ်ကျေး အလုပ်အမှုဆောင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု့ ဆောင်ရွက်သည်။
ပလောက်မြို့၌ အသက်(၆)လမှ(၅)နှစ်အောက်ကလေးငယ်များအားဗီတာမင်အေ နှင့်သန်ချဆေးများတိုက်ကျွေး
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆)လမှ(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။