ကွတ်ခိုင်မြို့ရှိ IDPs တိုက်ပွဲရှောင်စခန်းသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ အမှတ် (၆)ရပ်ကွက်တွင်ရှိ IDPs တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲရှောင် ပြည်သူကလေးငယ်(၆၀)ဦးအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခြင်း၊ ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းတို့ကို ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်က သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးသည်။