ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၁၇)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေး လျက်ရှိရာ ဩဂုတ်လ ၁၂ ရက်နေ့၊ညနေ(၆)နာရီအချိန် က(၁၃)ဉီး နှင့် ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်က(၄)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၇)ဉီးတို့အား ထပ်မံ လွှဲပြောင်း ပို့ဆောင်ပေးခဲ့ သည်။