သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ထဟော(၂) ကျေးရွာ၌ အခြေခံပညာ အလယ်တန်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ ထဟော(၂) ကျေးရွာတွင် အခြေခံပညာမူလတန်းအဆင့်မှ အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်း အနား ကို ယနေ့နံနက် ၁၀ နာရီက ထဟော(၂) ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့ကြသည်။
ရန်ကင်းမြို့နယ်တွင် အသက် ၆ လမှ ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး
Aug 12,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်း ပုံမှန် ကာကွယ်ဆေး
ဒဂုံတံတားမှ သီလဝါစက်မှုဇုန်လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများ အတွက်  လျော်ကြေးငွေများ သန်လျင်၌ ပေးအပ်
Aug 12,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊  သန်လျင်မြို့နယ်-ဒဂုံတံတားမှ သိလဝါစက်မှုဇုန်သို့ဆက်သွယ်သည့်     လမ်းဖောက်လုပ်ရာတွင်
ထီးချိုင့်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေး
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့အတွင်း စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် အညီ အစီအမံများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ထီးချိုင့်မြို့ စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာ‌‌ရေး ဦးစီးဌာနတို့မှ ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများ စပါးသီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး ကောက်စိုက် စက်ဖြင့် စပါးစိုက်ပျိုးခြင်းဝန်ဆောင်မှုလုပ်ငန်း အလေးထား ဆောင်ရွက်
Aug 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့ သက်သာစေရေးအတွက် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဝန်ဆောင်မှုလုပ်ငန်းကို ယမန်နေ့ က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကွင်းအမှတ်(၉၅၀) တောင်သူ ဦးအေးမြတ်မင်း၏ မိုးစပါးစိုက် လယ်မြေ(၃)ဧကတွင် ကောက်စိုက်စက်ဖြင့် ဧရာပဒေသာမျိုးစပါးများ စိုက်ပျိုးဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ၌ ဗန်းမော်ဒေသထွက် နာနတ်သီးများ ရောင်းအားကောင်း
Aug 12,2020
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဗန်းမော်ဒေသထွက် ရာသီပေါ်နာနတ်သီးများကို ဒေသခံပြည်သူများ နှစ်ခြိုက်စွာ စားသုံးကြသည့်အတွက် နာနတ်သီးများရောင်းအားကောင်လျှက်ရှိကြောင်းသိရသည်။
မကွေးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Aug 12,2020
မကွေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကျင်းပခဲ့ရာ မကွေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်စိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ (CERP) အစီအစဉ်ဖြင့် မေထုန်မဲ့သားစပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချ
Aug 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်ရန်အတွက် ကိုဗစ် - ၁၉ ကာလ အတွင်း စီးပွားရေး ထိခိုက်မှု များအပေါ် သက်သာစေရေးစီမံချက် (CERP) အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် မေထုန်မဲ့သားစပ်နည်း သင်တန်း ဖွင့်ပွဲကို ယနေ့၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။