ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၂၆)ဉီးထပ်မံဝင်ရောက်
Aug 12,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက် မှ နေ့စဉ် ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၁၁ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၄)ဉီး နှင့် ယနေ့ မွန်းလွဲ (၃)နာရီ အချိန်က(၁၂)ဉီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၂၆)ဉီး ထပ်မံ ဝင် ရောက်လာ ခဲ့ကြောင်း သိရသည်။