သတင်းများ

ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင် အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုများအား မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Aug 11,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ မဲဆန္ဒရှင်အမည်စာရင်းများ ကပထားကြေညာထားရှိမှုအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့တွင် မြန်မာ့ရိုးရာဆေးသနပ်ခါး(နံ့သာဖြူ)ပင်များ စိုက်ပျိုးအောင်မြင်
Aug 11,2020
မြန်မာ့ရိုးရာအိမ်တွင်းသုံးနှင့် တိုင်းရင်းဆေးဝါးများတွင်ထည့်သွင်းအသုံးပြုလျှက်ရှိသော နံ့သာဖြူ(ဆေးသနပ်ခါး) ပင်များကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း စီးပွားဖြစ်စိုက်ပျိုးလာသူများရှိကြောင်းသိရှိရသည်။
ရွှေဘိုမြို့နယ်၊‌ ကျောက်မြောင်းမြို့၊ မအူကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေး ကွင်းဆင်း ဆောင်ရွက်
Aug 11,2020
ကျောက်မြောင်းမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိ‌ရေးကို ယနေ့နံနက်ပိုင်း က မအူကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
တီးတိန်မြို့နယ်တွင် Cash for Work စီမံကိန်း လုပ်ငန်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး
Aug 11,2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လတ်တလောဖြစ်ပေါ်နေသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများ ကုစားနိုင်ရန်အတွက် နိုင်ငံတော်၏(CERP)အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်အတွင်း လုပ်ငန်း ဆောင်ရွက်မှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူး ဦးဝင်းနွယ်နှင့် တာဝန်ရှိသူတို့က ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၊ ပြန်/ဆက်ဦးစီးဌာနရုံးတွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများပြသ
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများအား ပြသဆောင်ရွက်ကြောင်း သိရသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်တွင်အခြေခံမဲဆန္ဒရှင်စာရင်း အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်ခြင်းလုပ်ငန်းများ အချိန်နှင့် တပြေးညီ ပြီးစီးရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ( ၂၅ ) ရက်နေ့မှစတင်၍ အခြေခံမဲဆန္ဒရှင် စာရင်းများအား ပထမအကြိမ် ကပ်ထားကြေငြာထားရှိခဲ့ရာ မဲဆန္ဒရှင် စာရင်းများတွင် လိုအပ်လျက်ရှိသော အချက်အလက် များအား ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
မချမ်းဘော့တွင် ကျေးလက်ဒေသပြည်သူများအား Cash For Work စီမံကိန်းဖြင့် Covid-19 ကာလတွင် ဝင်ငွေရရန်အတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်
Aug 11,2020
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For work စီမံကိန်းဖြင့် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသရှိ ပြည်သူများအား ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လက်ပံတန်းမြို့နယ်၌ Grade-4 သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အ.ထ.က(၁) လက်ပံတန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။