သတင်းများ

ဖလမ်းခရိုင်အတွင်း အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
Aug 11,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံကြ မည့် ဖလမ်းခရိုင်အတွင်းရှိ မြို့နယ်အသီးသီးက အမည်စာရင်း တင်သွင်း ထားကြသော နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ် စားလှယ်လောင်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ ဖလမ်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်မှစကာ စိစစ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းလှမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲကျင်းပ
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိူး သူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်းကျင်းပသည့် စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ‌ ရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့ ပေးအပ်
Aug 11,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project -VRFP) စာချုပ်ချုပ်ဆိုခြင်းနှင့် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 11,2020
ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာ ၅ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project -VRFP) စာချုပ်ချုပ်ဆိုခြင်းနှင့် ရန်ပုံငွေလွှဲ ပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့‌ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ်(နောက်ဆက်တွဲ)သင်တန်းဆင်းပွဲနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 11,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ်(နောက်ဆက်တွဲ) သင်တန်းဆင်းပွဲနှင့်အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။
ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းလွှာစိစစ်ခြင်း စတင်ဆောင်ရွက်
Aug 11,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းလွှာ စိစစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် စတင်ဆောင်ရွက် သည်။
၂၀၂၀ ပြည့်နှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း မြို့သစ်မြို့နယ်မှ (၁၄၀၂) ဦးအောင်မြင်
Aug 11,2020
၂၀၂၀ ပြည့်နှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် စာရင်းများကို (၉.၈.၂၀၂၀) ရက်နေ့ တနင်္ဂနွေနေ့ နံနက်က Online မှ ထုတ်ပြန်ကြေညာခဲ့ရာ မကွေးခရိုင် ၊ မြို့သစ်မြို့နယ်မှ (၁၄၀၂)ဦး ဖြေဆို အောင်မြင် ပြီး ရာခိုင်နှုန်းအားဖြင့် ၃၈ဒဿမ ၅၁ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP) ဖြင့် အကောင်အထည်ဖော် ဆောင် ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 11,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနောက်ပိုင်း ဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP)ဖြင့် မြိုင်မြို့နယ်လေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် သည့် ကုန်ထုတ်လမ်း၊ ရေပေးရေးနှင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများဆောင် ဆောင်ရွက်မှုအခြေအနေတို့ကို ဩဂုတ်လ ၁၀ရက် နေ့လယ်ပိုင်း တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။