သတင်းများ

ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ၂၀၁၉−၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (၂၃.၃၃) ရာခိုင်နှုန်းဖြင့်အောင်မြင်
Aug 11,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန (ဝက်ဘ်ဆိုက်) များမှတစ်ဆင့် မြန်မာတစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာခဲ့ရာ ကရသူရိမြို့တွင် (၂၃.၃၃) ရာခိုင်နှုန်း အောင်မြင် ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးခရိုင်အုပ်ချုပ်ရေးမှူး နှင့် တွေ့ဆုံပွဲပြုလုပ်
Aug 11,2020
မကွေးတို်ငးဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ၊ ရွှေဂွန်းကျေးရွာများသို့ အမှိုက်သိမ်းဆည်းယာဉ်များထောက်ပံ့
Aug 11,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ထီလုံကျေးရွာ၊ ရွှေဂွန်း ကျေးများအတွက် အမှိုက်သိမ်းဆည်းယာဉ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်သည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော လုပ်ငန်း များကို ကွင်းဆင်း စစ်ဆေး
Aug 11,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွါးရေး ကုစားမှုအစီအစဉ် Cash For Work စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ကျေးရွားများသို့ ယမန်နေ့ နံနက် (၁၀)နာရီက မကွေးခရိုင် ကျေးလက်ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မြို့နယ် ဦးစီးမှူးဦးဝင်းသူရ နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်
ကျေးသီးမြို့နယ် စည်ပင်သာယာဈေး၌ လည်ပင်ကြီးရောဂါကာကွယ်ရန် အိုင်အိုဒင်းဓာတ်များပါ မပါ ဆားထုတ်များအား လိုက်လံကြည့်ရှုစစ်ဆေး
Aug 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်စည်ပင်သာယာဈေး၌ လည်ပင်ကြီးရောဂါ ကာကွယ်ရန်အတွက် အိုင်အိုဒင်းဓာတ်ပါမပါ ဆားထုတ်များအား ကြည့်ရှုစစ်ဆေး ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့တွင် မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ ဦးရေ ၅၀၀၀ ခန့်ရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူ ဦးရေ ၁၀၀၀ ကျော်ရှိ
Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်မှစတင်၍ ပထမအကြိမ် ထုတ်ပြန်ကြေငြာထားပေးရာ ယနေ့အထိ မဲစာရင်း လာရောက်ကြည့်ရှုသူ ဦးရေ ၅၀၀၀ ဦးခန့်ရှိပြီး လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ ၁၀၀၈ ဦး ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Aug 11,2020
လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ