သတင်းများ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် ကိုဗစ်-၁၉ ၏စီးပွားရေးအပေါ် ထိခိုက်နစ်နာမှု သက်သာရေးစီမံချက်(CERP)အရ ကြက်မွေးမြူရေးသင်တန်းဖွင့်လှစ်
Aug 11,2020
ကိုဗစ်-၁၉၏စီးပွားရေးအပေါ်ထိခိုက်နစ်နာမှုသက်သာရေးစီမံချက် (CERP)အရဖွင့်လှစ်သော ကြက်မွေးမြူရေး သင်တန်းကို မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ကဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အမရပူရမြို့နယ် အသက် (၁၈) ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်
Aug 11,2020
အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာတွင် အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာ ရွာလယ် ဓမ္မာရုံတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းဝင်ကျေးရွာများတွင် မြေ သားလမ်းပြုပြင် အဆင့်မြှင့်တင်ခြင်း၊ ရေကန်ဘောင်ပြု ပြင်ခြင်းလုပ်ငန်းများဆောင်ရွက်
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ် ကာလအရေးပေါ်တုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်သော Cash for Work စီမံကိန်း‌ဆောင်ရွက်ရန် မြို့နယ်အတွင်းရှိ
ဟိုင်းကြီးကျွန်း၌ကိုဗစ်-၁၉ ကြောင့်စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရန် ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှု သင်တန်း ဖွင့်လှစ်
Aug 11,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က COVID – 19 ၏ စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်ကာ ကျွဲ ၊ မွေးမြူထုတ်လုပ်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ကပ်ပါးမွှားရောဂါကျရောက်နေမှုအား ကွင်းဆင်းစစ်ဆေး
Aug 11,2020
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ကွပ်ကဲမှုအောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲတာ၀န်ခံ ဦးသိန်းကိုဦးဆောင်၍ ပြင်ဦးလွင်မြို့နယ်၊
ရေဦးစာစစ်ဌာနမှ ၂၀၁၉ - ၂၀၂၀ တက္ကသိုလ်၀င်စာမေးပွဲ ဂုဏ်ထူးရှင် ၁၅၃၉ ဦးထွက်ပေါ်
Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်စာစစ်ဌာနတွင် ၂၀၁၉ - ၂၀၂၀ ပပညာသင်နှစ် တက္ကသိုလ်၀င် စာမေးပွဲတွင် အတွင်း‌ဖြေ၊ အပြင်ဖြေ သိပ္ပံတွဲ ဝိဇ္ဇာတွဲအလိုက်ဖြေဆိုသူစုစုပေါင်း ၇၆၀၇ ဦး အောင်မြင်သူစုစုပေါင်း ၃၈၂၃ ဦးဖြစ်ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ကျွဲ၊ နွား မွေးမြူထုတ်လုပ်ရေး သင်တန်းဖွင့်လှစ်
Aug 11,2020
ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ကန့်သတ်ချက်များ ဖြေလျှော့ပြီးနောက် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများပြန်လည်ဖော်ဆောင်နိုင်ရန် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ်  ကံကောင်းကျေးရွာ  ဘုန်းတော်ကြီး ကျောင်းတွင်ယမန်‌နေ့ နံနက်ပိုင်းက ကျွဲနွားမွေးမြူ ထုတ်လုပ်ရေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးပေး
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက် အမှတ်(၁)အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ အသက်(၆)လမှ(၅)နှစ်အောက် ကလေးများ ဗီတာမင်အေနှင့် သန်ချ ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ဖွေးဘီ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။