သတင်းများ

မော်လမြိုင် (၁၀) မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများကို ကျန်းမာရေးစစ်ဆေး
Aug 11,2020
မွန်ပြည်နယ် မော်လမြိုင် (၁၀) မြို့နယ်ဆောင်ရှိ Community Based Facility Quarantine ဝင်ရောက်နေသူများထဲမှ (၂၄၀) ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ယနေ့နေ့လယ်က ပြုလုပ် ဆောင်ရွက်ရာ Community Based Facility Quarantine ကွပ်ကဲရေး
ကျောက်တံတားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Aug 11,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် မိုးရာသီကာလအတွင်း ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေ ထောက်ရောဂါနှင့် အခြားရောဂါများ မဖြစ်ပွားစေရေးတို့ အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က ကျောက်တံတားမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကျောက်တံတားမြို့နယ်၊ အမှတ်(၂) ရပ်ကွက် (၃၄)လမ်းသို့ ကွင်းဆင်း၍ ရပ်ကွက်အတွင်းရှိ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေး မဖြစ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများလေ့လာဖတ်ရှုနိုင်ရန်အတွက် စာအုပ်လှူဒါန်း
Aug 11,2020
ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကောင်းပေကောင်းဖတ်ရှုနိုင်ရန်အတွက် စာရေးဆရာ စိုးဝင်းနိုင် (ကျောက်ဆည်) ရေးသားသော "ဘဝတစ်ခုစာစုလေးဆယ်"စာအုပ်ကို စုကလိမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်းက မြို့ပြည်သူ့စာကြည့်တိုက် သို့ ယမန်နေ့နံနက်ပိုင်းက လာရောက်လှူဒါန်းသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းအောင် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာ နှင့်ဆုငွေများချီးမြှင့်
Aug 11,2020
၂၀၁၉-၂၀၂၀ပညာသင်နှစ်၊တက္ကသိုလ် ဝင်တန်းအောင်ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၉နာရီက မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ် သည်။
ဆီဆိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ၁၇.၈၉ ရာခိုင်နှုန်းအောင်မြင်
Aug 11,2020
၂၀၂၀ ပြည့်နှစ်၊ မတ်လက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကို မြန်မာ တစ်နိုင်ငံ လုံးတွင် ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်များ မှ တစ်ဆင့် သြဂုတ် ၉ ရက် နံနက် (ဝဝး၃၀)နာရီက ထုတ်ပြန် ကြေညာခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်တွင် (၁၇.၈၉) ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။
မီးငြှိမ်းသတ်ရေးလုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အရန်မီးသတ် တပ်ဖွဲ့ဝင်များ အား (မွမ်းမံ) သင်တန်းဖွင့်လှစ်ကာ လေ့ကျင့်ဆောင်ရွက်ပေးနေ
Aug 10,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေး လုပ်ငန်း များနှင့် လူမှု အကျိုးပြုလုပ်ငန်းများတွင် တဖက်တလှမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်ရေး တို့ အတွက် (မွမ်းမံ) သင်တန်းများ ဖွင့်လှစ် ကာ လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိပြီး သြဂုတ်လ(၁၀)ရက်နေ့၊
ကျေးရွာနေ ပြည်သူများသွားလာမှု အဆင်ပြေလွယ်ကူစေမည့် ကျေးရွာအဝင် ကွန်ကရစ်လမ်း(၂)ခုကို ထန်းတပင် မြို့နယ်တွင် ဖွင့်လှစ်
Aug 10,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူ များ သွားလာမှုအဆင်ပြေလွယ်ကူစေရေးအတွက် ကျေးရွာတွင်းလမ်းများကို အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး သြဂုတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ပရွတ်ကျေးရွာနှင့်