သတင်းများ

သီပေါမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များမှန်ကန်မှုရှိစေရေး ပြင်ဆင်လျှောက်ထား
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများ၌အချက်အလက်များ မှန်ကန်ပြည့်စုံမှု ရှိစေရေး အတွက် ပြည်သူများက လာရောက်ကြည့်ရှုပြီး ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင် လျှေက် ထားလျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စု ၃၀ အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများပေးအပ်
Aug 06,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဩဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့က မိုးသည်းထန်စွာ ရွာသွန်း မှုနှင့် မြစ်ရေဝင်ရောက်မှုတို့ကြောင့် ရေဘေးသင့်ခဲ့သည့် မိန်းမလှကျွန်းကျေးရွာနှင့် လမ်းလုပ်သားအိမ် ထောင်စု ၃၀ အတွက် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ပြုလုပ်ခဲ့ သည်။
ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ သာစည်မြစ်ကမ်းပါးထိန်းနံရံ ချင်းတွင်းမြစ်ရေ တိုက်စားမှုအခြေအနေ တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Aug 06,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၉၁ ဒသမ ၄ သန်းဖြင့် ထက်ရွှေအိမ်စံကုမ္ပဏီမှ တာဝန် ယူဆောင်ရွက်သည့် ခန္တီးမြို့ ပေါမိုင်းရပ်ကွက်၊ သာစည်မြစ်ကမ်းပါးထိန်းနံရံ ချင်းတွင်းမြစ်ရေတိုက်စားမှု အခြေအနေကို ဩဂုတ်လ ၅ ရက် ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း မြို့နယ်အုပ်ချုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် စည်ပင်သာယာရေးကော်မတီ ဦဘကြိုင်တို့က သွားရောက်ကြည့်ရှုစစ်ဆေးရာ ကမ်းနားမြေသားအနည်းငယ် တိုက်စားနေမှုကိုသာတွေ့ရှိရပြီး ကမ်းပါးထိန်းနံရံအောက်ခြေမှာ ကွန်ကရစ်အခိုင်အမာ တည်ဆောက်ထားခြင်းကြောင့် ပြိုကျ ပျက်ဆီးနိုင်မှုအ‌ခြေအနေမတွေ့ရှိရကြောင်းစိစစ်တွေ့ရှိရကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီညှိနှိုင်းအစည်းအဝေး ထားဝယ်မြို့၌ကျင်းပ
Aug 06,2020
တနင်္သာရီတိုင်းဒေသကြီး ပြတိုက်နှင့်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျိုက်မ​ရောမြို့၌ ကိုဗစ် -၁၉ စီးပွား​ရေးထိခိုက်မှုသက်သာ​ရေးစီမံချက်အရ ဝက်​မွေးမြူ​ရေးသင်တန်းဖွင့်လှစ်
Aug 06,2020
ကိုဗစ်-၁၉ ​ရောဂါ ကန့်သတ်ကာလ​ဖြေ​လျော့မှုများတွင် ​မွေးမြူ​ရေးလုပ်ငန်းများ ပြန်လည်ဦးမော့​ ဆောင်ရွက် နိုင်ရန်အတွက် ကိုဗစ်-၁၉၏စီးပွား​ရေး ထိခိုက်မှု သက်သာ​ရေး စီမံချက်(CERP)အရ ဖွင့်လှစ်​သောဝက်​မွေးမြူ​ရေးသင်တန်းကို ယ​မန်နေ့ နံနက်၁၀နာရီက ​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ သည်။
သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Aug 06,2020
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
Aug 06,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြန်ဆန်စွာရရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာညောင်ဦးခရိုင်ရုံးမှ
တန့်ယန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်
Aug 05,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာစျေးရှေ့နှင့် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း အရှေ့ဘက်ရှိ ဗိုလ်ချုပ်လမ်း တစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ကြသည်။